?

Log in

အမှတ်တမဲ့နောင်တ - .: Things On the Little Earth :.

> Recent Entries
> Archive
> Friends
> Profile
> NPmyanmar

Links
NPmyanmar
spmyanmar
Things on the little earth
m-w
yahoo hidden smilies

February 21st, 2008


Previous Entry Share Next Entry
02:28 pm - အမှတ်တမဲ့နောင်တ

စင်္ကာပူမှာတုန်းကတော့ အစေ့ခြွေထားတဲ့ butter corn တွေကိုပဲ သရေစာအဖြစ်စားနေကျ.. ပြောင်းဖူးကို ဗိုက်ဆာလို့စားတယ်ဆိုတာ မရှိဖူးဘူး .. နောက်ပြီး အခုလို အဖူးလိုက်ပြုတ်ထားတာလည်း မစားဖြစ်တာ ကြာပြီရော..ဒီနေ့ အိမ်မှာတစ်ယောက်တည်း အတန်းမသွားခင် ဗိုက်ဆာတာနဲ့ အခုလိုအိမ်မှာ တခြားစားစရာလည်း မရှိ (မ၀ယ်ရသေးလို့) ၊ ရှိတဲ မနက်က ပြုတ်ထားတဲ့ပြောင်းဖူးပြုတ်စား ယင်း စာလုပ်နေတုန်း ရုတ်တရတ် မြင်ကွင်းတစ်ခုကိုသွား သတိရမိတယ် ..

အဲဒါက နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်တုန်းက ကလေးမလေးတစ်ယောက် ပြောင်းဖူး စားနေတဲ့ပုံလေး .. ဘာလို့နောင်တရမိလည်းဆိုတော့ ..

၂၀၀၆ ရန်ကုန်ပြန်တဲ့ အခေါက်က ရေကျော်ဈေးကို မေမေနဲ့ တစ်မနက်လိုက်သွားခဲ့တယ်။ မနက်နေခြည်ဖြာဖြာ အောက်မှာ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ဈေးတန်းတွှေ၊ ဈေးဝယ် ဈေးသည်တွေနဲ့ မြင်ကွင်းက အတော့်ကို စည်းကားလှုပ်ရှားလို့။ ဈေးလည်းရောက်ရော.. ၁၀ နှစ် ၁၁ နှစ် အရွယ်၊ ခရေပန်း စံပယ်ပန်း ရောင်းနေတဲ ကလေးတွေတွေ့ရတာ စိတ်မကောင်းတော်တော်ဖြစ်မိတယ်။ ဒါနဲ့ မေမေ့ကို ဟိုပန်းလည်း ၀ယ်မယ် ဒီပန်းလည်း ၀ယ်မယ် ဆိုပြီး ပန်းတွေကို ဟိုကလေးဆီက နည်းနည်း ၊ဒီကလေးဆီက နည်းနည်း ၀ယ်နဲ့ မေမေက ဘုရားပန်းအိုးမဆန့်တော့ဘူးလို့ တားယူရတယ် .. မေမေက စာနာပြီး ပြောပါတယ် `..နေ့တိုင်းလည်း ၀ယ်နိုင်တာမှမဟုတ်ပဲနဲ့ သမီးက အခုမှတွေ့လို့ အရမ်းစိတ်မကောင်းဖြစ်နေတာ.. ဒါမျိုးက နေရေတကာမှာပါပဲ´ တဲ့ ..

ဒါနဲ့ ဟုတ်တော့လည်းဟုတ်တာပဲလို့ သူတို့ဘ၀တွေကို စိတ်မကောင်းစွာနဲ့ တိတ်တိတ် စဉ်းစားယင်း မေမေ့နောက်က ခြင်းတောင်းဆွဲယင်း လိုက်ခဲ့တယ် ။ တစ်နေရာ အရောက် ဟင်းသီးဟင်းရွက် ၀ယ်နေတုန်း ဘေးနားမှာ ပြောင်းဖူးပြုတ်တောင်းနဲ့ ဈေးရောင်းနေတဲ့ ၈နှစ်အရွယ်လောက် ကလေးမလေးကို ငေးနေမိတယ်။ ပြောင်းဖူးဗန်းအစွန်နားက ပြောင်းဖူးစေ့တွေကို ခဏခဏ ခိုးခိုးပြီးခြွေစား နေတာ။ တစ်စေ့နှစ်စေ့လောက် ဖဲ့လိုက် ပြောင်းဖူး ဖက်ကို ပြန်ဖုံးလိုက်၊ ပါးစပ်လှစ်ကနဲထည့် လိုက်နဲ့ ။ မေမေဈေးဝယ်လည်း ပြီးရော ဟင်းရွက်သည် အဒေါ်ကြီးက သူ့ခိုးစားနေတောတွေသွားပြီး ဆူပါလေရော၊ သူ့ အမေလား အဒေါ်လားတော့ မသိပါဘူး။ လက်ကလည်းကလေးမလေးခေါင်းကို ခေါက်ကလည်းပဲ.. လန့်ဖြန့်သွားတဲ့ ကလေးမလေးက လည်း ပြောင်းဖူးဗန်းကို တိုက်မိပြီး ငိုမဲ့မဲ့နဲ့ .. တော်သေးတယ် ဗန်း မမှောက်လို့ ..

အဖြစ်အပျက်ကို နောက် တစ်လှည့်လှည့်ကြည့်ယင်းနဲ့ပဲ ဒါမျိုးကဖြစ်တတ်ပါတယ်လေလို့တွေးပြီး မေမေ့နောက် ဆက်လိုက်ခဲ့တယ်။ မေမေကတော့ သူ့အာရုံနဲ့သူ သတိထားမိပုံမပေါ်ဘူး..

အဖြစ်အပျက်ကတော့ အဲဒါပါပဲ ..အဲဒီတုန်းကတော့ ကလေးမလေးခိုးစားလို့ အရိုက်ခံတာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်ရုံကလွဲလို့ မေ့မေ့ပျောက်ပျောက်ပဲ ..အခု ပြောင်းဖူးစားယင်းနဲ့ စဉ်းစားမိတာက .. သူဗိုက်ဆာနေလို့လည်းဖြစ်နိုင်တာပဲလို့ ကိုယ်ချင်းစာမိတယ်.. အဲဒီတုန်း သူ့အရိုက်မခံရယင် အဲဒီပြောင်းဖူးဝယ်ပြီးသူ့ကို ပြန်ကျွေးလိုက်ရကောင်းသားလို့ အခုမှတွေးမိတယ် .. ငါဘာလို့ အဲဒီတုန်းက မစဉ်းစားမိပါလိမ့်နော် ..သူလည်း အနည်းဆုံး တစ်မနက်တော့ ဗိုက်မဆာတော့ဘူးပေါ့. နောက်ပြီး အနည်းဆုံးတော့ ခိုးမစားရဘူးပေါ့နော် ..တွေးမိတာပါ..

.. ဒါပါပဲ ..တစ်ခါတစ်လေ ..အမှတ်တမဲ့ ကိစ္စလေး တွေ ကတွေးစရာပေါ်လာတတ်တယ် ..

စာကြွင်း

--------

ဖေမြင့်ရဲ့ နှလုံးသားအာဟာရ (Chicken Soup ဘာသာပြန်) စာအုပ် ထဲက သောင်ပေါ်တင်ကျန်ခဲ့တဲ့ကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ထည့်ပေးတဲ့သူ ပြောတဲ့စကားကို လည်း သတိရမိတယ်

ဖတ်ဖူးတဲ့သူတွေတော့သိပါလိမ့်မယ်..  မြန်မာပြည်က ကြယ်ငါးလေးတွေ သောင်ပြင်ပေါ်မှာ အများကြီးပဲ..

Current Mood: sad


(3 comments | Leave a comment)

Comments:


[User Picture]
From:zaythiha
Date:February 26th, 2008 06:56 pm (UTC)

Can't read clearly.

(Link)
Sis,I can read it. Could you please set your default Myanmar Font in your setting?
Anyway, you are good writer. So I think the post will be nice. he he. :)
[User Picture]
From:eithu
Date:February 29th, 2008 08:03 pm (UTC)

Re: Can't read clearly.

(Link)
hi bro.. Maybe u don't have the Zaw-Gyi one font..
how do I set the default Myanmar font in LJ ? It's auto-posted by multiply.com
original post is here http://cizium.multiply.com/journal/item/199

or how abt downloading font from here? http://www.eieiminthu.com/Zawgyi-One-20051130.ttf

thanks a lot for visiting hee .. :D
From:nhiunhauffw
Date:October 31st, 2009 12:31 am (UTC)
(Link)
Just a poor site kiev hosting
,

> Go to Top
LiveJournal.com