?

Log in

မှီပါသေးတယ်နော် ... - .: Things On the Little Earth :.

> Recent Entries
> Archive
> Friends
> Profile
> NPmyanmar

Links
NPmyanmar
spmyanmar
Things on the little earth
m-w
yahoo hidden smilies

September 24th, 2007


Previous Entry Share Next Entry
10:36 pm - မှီပါသေးတယ်နော် ...

မေရေ..

သမီး အခုနေ ပြုပြင်ယင် မှီပါသေးတယ်နော် ...
မွန်းကြပ်လိုက်တာ ..
ကုန်သွားတဲ့အချိန်တွေရယ် . . မရေမရာနဲ့ မြောလွင့် ..
မနားတမ်းလိုက်တတ်တဲ့ deadline တွေရဲ့ ခံတွင်းဝ ရှေ့  …
အကြိမ်ကြိမ် ချော်လဲလို့ .. တည်းတည်းလွတ်ရုံ ဒရောသောပါး ပြေးနေ ခဲ့တယ်  …
အပြုံးတော့ မပျက်ခဲ့ပါဘူး .. မီးခိုးငွေ့တွေ .. သူများတွေကို မ မွှန်စေ ချင်ပါဘူး ..

လောလောဆယ် ဦးတည်ချက်ရှိရက်နဲ့ လမ်းပျောက်
a sociable loner တစ်ယောက် ..
ကြောက်တတ်နေတယ် ..

ဒါပေမယ့် ဖြစ်ပါတယ် ..
ဒီလိုပဲ ကိုယ့်ကိုကိုယ် ပြန်တည့်မတ်ယင်း
ရှေ့ဆက်လျှောက်ရမှာပေါ့ . ဟုတ်တယ်ဟုတ် .. အရင်တုန်းကလည်း ဒီလိုပဲ လျှောက်ခဲ့တာပဲလေ ..

`လူတွေသည် ကိုယ်စိုက်တဲ့မျိုးစေ့၏ ကောက်ပင်ကို တစ်နေ့ရိတ်သိမ်းရ၏။´

`မိမိပြုသည့်ကံ၏ အကျိုးကို မိမိသာ ခံစားရ၏´

`All beings are owners of their karma.’

သမီးရဲ့ လေလွင့်လျော့ရဲ နေတဲ့ စိတ်တွေကို တတ်နိုင်သမျှ ပြန်စုစည်းပြီး ရှေ့ဆက် ဖို့ကြိုးစားမှာပါ ..

မှီပါသေးတယ်နော် ..


(Leave a comment)


> Go to Top
LiveJournal.com